သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ရေး Mask Campaign ပြုလုပ်

သန်လျင်   စက်တင်ဘာ   ၂၂

သန်လျင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ ယနေ့နံနက်တွင် သန်လျင်မြို့သိမ်ကျောင်းလမ်းမကြီးတလျောက် လူစည်ကားရာနေရာများ၊ သန်လျင်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့သည်။

သန်လျင်မြို့နယ်တွင် ယနေ့ဆောင်ရွက်သော ကိုဗစ်-၁၉ ကာကွယ်ရေး Mask Campaign စုပေါင်းဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးနှင့်အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဒေါ်မိမိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက လမ်းသွားလမ်းလာပြည်သူများ၊ ဘေးတွဲယာဉ်များ၊ မော်တော်ယာဉ်များ၊ ဈေးဆိုင်ပိုင်ရှင်များ၊ ဈေးရောင်းဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာများ တွေ့ရှိရခြင်းကြောင့် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)