ဒေါပုံ စက်တင်ဘာ ၂၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေမည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့်ပတ်သက်၍ သတိပြုလိုက်နာဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများအား ဒေါပုံမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား နံရံကပ်စာစောင်များတွင် ပြသဆောင်ရွက်ပေးခဲ့ပြီး လူငယ်များစာအုပ်စာပေနှင့် နီးစပ်မှုရှိစေရေးနှင့် စာပေကိုပိုမိုဖတ်ရှုလေ့လာစေရန်အတွက် စာအုပ်ပြပွဲကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Mask တပ်ခြင်း၊ လက်ဆေးခြင်းများကိုပါ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)