သတင်းများ

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းဟန်ကျေးရွာ၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင်ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်
ကျောက်ပန်းတောင်းမြို့နယ် တခါးကြီးကျေးရွာတွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့်ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း စိန်ရတုဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာလာရောက်ထုတ်သူ ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။
တောင်သာမြို့နယ်တွင်   ၂၀၂၂   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ  တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအားဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်၌မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား  Mask Campaign ပြုလုပ်၍ Maskနှင့် Face Shield များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့်ကို ဗစ်-၁၉‌ရောဂါကာကွယ်‌ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာ‌ပေးလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာ နေရာများ၌ ပြုလုပ်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး
Sep 21,2022
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်းအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင် လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ စောနောက်ရပ်ကွက်နေ အခြေခံလက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ တက်ရောက်
Sep 21,2022
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။