မိတ္ထီလာ စက်တင်ဘာ ၂၀
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာ ခေါင်းစည်း ၄၀၀၀ ကို ယနေ့နံနက်က ရန်ကုန်-မန္တလေးကား လမ်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနီးတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု့ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်နှင့် လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သက်ကိုင်တွယ်ခြင်း မပြုလုပ်ရန်စသည့် သတိထားလိုက်နာရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)