မော်လမြိုင် စက်တင်ဘာ ၂၀
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) က ကြီးကြပ် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယနေ့နေ့ လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်နှင့်ကွင်းရပ် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ထွေအုပ်၊ ရဲ၊ လဝက၊ စိုက်ပျိုးရေး၊ ပြန်/ဆက်၊ မြေစာရင်း၊ ဆည်မြောင်း၊ မွေးကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ ကျေးလက်လမ်း၊ ကျေး/ ဖွံ့၊ လျှပ်စစ်တို့ ပါဝင်သော ဌာနဆိုင်ရာများဖြင့် ကွင်းဆင်း၍ ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးကုသပေးခြင်း၊ မွေးတိုးကိစ္စရပ်များနှင့် မှတ်ပုံတင်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ တိရိစ္ဆာန်များ ဆေးကုသခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ မီးဘေးနှင့်လျှပ်စစ်ဘေးအန္တာရယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာန/ သက်ဆိုင်ရာ စစ်ကြောင်းအလိုက် ပြည်သူတို့၏ တင်ပြချက်လိုအပ်ချက်များအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများကိုတက် ရောက်လာသည့် ရပ်ကွက်နေ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စု သန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်