လဲချားမြို့နယ်၊ စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံတင်စနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပ

လဲချား ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံတင်စနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လေလံတင်‌အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းစိုးဦးက လုပ်ငန်းဆိုင်ရာ စည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံတင်ရောင်းချခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)