သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ၌ စု​ပေါင်းဆွမ်းဆန်စိမ်း​လောင်းလှူပွဲကျင်းပ

သံဖြူဇရပ် ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်​ကျေးရွာတွင် ဆွမ်းဆန်စိမ်း ​စု​ပေါင်းလောင်းလှူပွဲကို ယမန်​နေ့ မွန်းလွဲပိုင်းက အဆိုပါ​ကျေးရွာ၌ ​လောင်းလှူခဲ့ကြ​​ကြောင်း သိရသည်။

လောင်းလှူပွဲတွင် ​ရှေးဦးစွာ နံနက်ပိုင်း၌ ​(၃၈) ကြိမ်​မြောက် “မဟာဒုတ်” ဆွမ်းကို​ကျေးရွာအတွင်းရှိ​ အလှူရှင်များက မိမိတို့၏ နေအိမ်အသီးသီးတွင်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ မွန်းလွဲ ၁ နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ရာ ကျေးရွာအတွင်းရှိ ဘုန်း​တော်ကြီးကျောင်းတိုက်အသီးသီးမှ သံဃာ​တော်(၃၀၂)ပါးအား ​ရွာဦးဘုန်း​တော်ကြီး​ကျောင်းမှ စတင်ကာ ​ကျေးရွာလမ်းတစ်​လျှောက် မိမိတို့၏ သတ်မှတ်​နေရာများတွင် ဆွမ်းဆန်စိမ်းစု​ပေါင်း​လောင်းလှူခဲ့ကြ​ပြီး၊ အဆိုပါဆွမ်းဆန်စိမ်း​လောင်းလှူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်နှင့် အဖွဲ့ဝင်တို့မှ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)