ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ချောက်  စက်တင်ဘာ ၂

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်​၊ ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့်​​ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားကွင်း၊ မိုးလုံ​လေလုံအားကစားခန်းမ၌ ယမန်နေ့ နံနက်၈နာရီအချိန်က ကိုဗစ်-၁၉​​ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ​ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတွင်  မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအနေဖြင့် လာရောက်ကုသမှုခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်းလေသန့် ရရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများအထူးကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများနှင့်ရပ်ကွက်များမှ ပရဟိတလူငယ်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)