Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်စေရေး စိုက်ပျိုးထုတ်လုပ်သွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးထုတ်လုပ်သွားမည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧကများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေး
Sep 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် နေရာများဖြစ်သော မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်း အချိန်ကပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ် ဆောင်ရွက်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သုဓမ္မာလမ်း၊ ဥက္ကလာသီရိပန်းခြံ ရှေ့တွင် Mask Campaign ဆောင်ရွက်ခြင်းဖြင့်
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sep 22,2022
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းသင်တန်းဖွင့်လှစ်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉:၀၀)နာရီ၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Sep 22,2022
အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အသိပညာပေး (Talk Show) ဆောင်ရွက်
Sep 22,2022
စက်တင်ဘာ(၂၈)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး (Talk Show )ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်ကြရေး ဌာနပေါင်းစုံ Mask Campaign လုပ်ငန်းများ ဆောင်ရွက်
Sep 22,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းတစ်လျှောက်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16228
Page
16229
Page
16230
Page
16231
Current page
16232
Page
16233
Page
16234
Page
16235
Page
16236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department