မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအ​ဝေး တက်​ရောက်

​မော်လမြိုင် စက်တင်ဘာ ၂၂

မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၅/ ၂၀၂၂) အစည်းအ​ဝေးကို ယမန်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်​ရောက်ခဲ့သည်။

အစည်းအ​ဝေးတွင် မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များစွာဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်အတွက် လာမည့်ပွင့်လင်းရာသီတွင် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အ​လေးထား​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီအ​နေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်​ရေး၊ ခရီးသွားဒေသများတွင် လုံခြုံရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးများကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့်  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာ​ရေးဆိုင်ရာ လိုင်စင်များကို ဥပ​ဒေ၊ နည်းဥပ​​ဒေများနှင့်အညီ ​ဖြေ​လျှော့သင့်သည့် လုပ်ငန်းစဉ်များကို ​ဖြေ​လျှော့၍ ဆောင်ရွက်ပေးကြရန်နှင့် သတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကြ​စေ​ရေး ​ဆောင်ရွက်ကြရန်လိုကြောင်း၊ လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွား​ရောက်လည်ပတ်ခြင်းထက် လူနေနည်းပါးပြီး သဘာဝနှင့်နီးစပ်သည့် ကျေးလက်ဒေသနေရာများကို ခရီးသွားဧည့်သည်များ ပိုမိုနှစ်သက်လာကြသည့်အတွက် သဘာဝကိုအ​​ခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ​ဖော်​ဆောင်​ပေးရန်လိုအပ်သလို ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူး​ပေါင်း လုပ်​ဆောင်​ပေးကြ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီအတွင်း​ရေးမှူး ဦးဇေယျာထွန်းမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်​ပေးခြင်း၊ လိုင်စင်သက်တမ်းတိုး​ခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်​​ပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ​ကော်မတီဝင်များမှ ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဦး​မော့လာ​စေ​ရေးအတွက် အကြံပြု​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်​ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့သည်။

မွန်ပြည်နယ်အ​တွင်း ​တန်ခိုးကြီး​ဘုရားများ၊ စေတီပုထိုးများ၊ ​ရှေး​ဟောင်းသမိုင်းဝင် ယဉ်​ကျေးမှု အ​ဆောက်အဦများ၊ အပန်း​ဖြေရာ​နေရာများ ​ပေါကြွယ်ဝ၍ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များစွာ ဝင်​ရောက်လည်ပတ်လျက်ရှိပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း​ကော်မတီအ​နေဖြင့် ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ (၆၇)လုံး၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရ (၁၇)လုံး၊ Onlineမှ အသိအမှတ် ပြုထားသည့် အရေအတွက် (၂၉)လုံး တို့အား Enchanting Myanmar Health and Safety Protocol (HSP)၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာ​ရေးဆိုင်ရာ လိုင်စင်များကို ဥပ​ဒေ၊ နည်းဥပ​​ဒေ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်များ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)