ဇမ္ဗူသီရိမြို့နယ် ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၂၂

နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်း အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ ကြီးမှူးကျင်းပမှုဖြင့် ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဓာတုစယဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကော်မတီများကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်၍ ကော်မတီများအနေဖြင့်လည်း အခက်အခဲများ၊ လိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာကော်မတီ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)