မင်းကင်း စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ စကားဝါခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန(ကိုယ်စား) ဒေါ်အေးအေးမာက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ကလေးသူငယ်များအတွက် ဘေးအန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကလေးလုပ်သားများဖြစ်စေတတ်သောအကြောင်းများကို ရှင်းလင်းခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မင်းကင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းဆရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)