မောက်မယ်မြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaing အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၂၂

ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်သူများနေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါ တိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်ကြရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး လူစည်ကားရာစျေးတန်းရပ်ကွက် စည်ပင်သာယာမြို့မစျေးရှေ့၌ ယနေ့နံနက် ၆ နာရီခွဲကစ၍ နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaing အရှိန်အဟုန်မြှင့်တင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaing အရှိန်အဟုန်မြှင့်တင်ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများတို့က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ်လိုက်နာကြရန်၊ ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွါသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ကြစေရေး လှုပ်ရှားမှုအဖြစ်မြို့မစျေးရှေ့နှင့် စျေးဆိုင်ခန်းများ၌ (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                                                                                                                စိုင်းမျိုးသန့်(မောက်မယ်)