ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask Campaign ပြုလုပ်

ပုဇွန်တောင် အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်   မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး လမ်းညွှန်မှုဖြင့် ယနေ့နံနက်က ပုဇွန်တောင်ဈေးတွင် Mask  Campaign အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဦးဆောင်သည့် ဝန်ထမ်းများက ပုဇွန်တောင်ဈေးရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask တပ်ဆင်သွားလာရောင်းဝယ်ကြပါရန်၊ ကူးစက်မြန် ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းဖြင့် Mask  Campaign  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်