ပေါင်းတည်မြို့နယ်၌ ရွာစဉ်ရွာဆက် ကွန်ကရစ်လမ်းဖောက်လုပ်
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျဉ်းပင်ကန်-မဲခေါင်း-ခြောက်လုံးပြူးကျေးရွာများသို့ ရွာစဉ်ရွာဆက် ကျပ်သန်း ၃၇၄.၃၃၀ တန် ကွန်ကရစ်လမ်းခင်းခြင်းကို Asia Boom Co.Ltd ဖြင့် ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။