သတင်းများ

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) ဆင်းပွဲကျင်းပ
Oct 07,2022
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြှင့်မားစေရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေး (Mask Campaign)ဆောင်ရွက်
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုမိုထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မင်းလမ်းမဘေးတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ
Oct 07,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေမှု ကြည့်ရှုအားပေး
Oct 07,2022
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် မိုးလုံ လေလုံ ခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
ဝါကျွတ်ကာလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းပေးအပ်
Oct 07,2022
ဝါလကင်းလွှတ်အချိန်အခါသမယတွင် ဘုရားသွား ဘုန်းကြီးကျောင်းတက်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းပြည်နယ် အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အောက်တိုဘာ(၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆန်၊ ဆီ၊ ဆားကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ
Oct 07,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ညောင်အုပ်ဖီးကျေးရွာအုပ်စု၊ ညောင်အုပ်ဖီး ကျေးရွာ ဘုန်းကံပွင့်ဘုရား ဓမ္မရုံတွင် ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ရာဇသင်္ကြန်ဈေးတွင် ယနေ့နံနက် (၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်
မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေးနှင့် မန်းရွှေစက်တော်ဘုရား သမိုင်းပြတိုက် တည်ဆောက်ခင်းကျင်းပြသနိုင်ရေး  အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကကိန်ကျင်းပပြုလုပ်နိုင်ရေးနှင့် မန်းရွှေစက်တော်ဘုရား သမိုင်းပြတိုက် တည်ဆောက်ခင်းကျင်းပြသနိုင်ရေးအတို့အအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။