မြစ်ကြီးနား အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်း၌ (၁/၂၀၂၂) ခရိုင်အဆင့် ရှာဖွေ ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ရှာဖွေကယ်ဆယ်ရေး သင်တန်းတက်ရောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတွင် တစ်ဦးချင်း ဆုရရှိသူများနှင့် အသင်းလိုက်ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသားများက အခြေခံကြိုးချည်နည်း(၅)မျိုး၊ အသက်ရှူကိရိယာ (B.A Set) ဝတ်ဆင် အသုံးပြုနည်း၊ Tripod အသုံးပြု၍ ရှာဖွေကယ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး Hydraulic Tools များ ကိုင်တွယ်အသုံးပြုခြင်းများဖြင့် ရှာဖွေကယ်ဆယ်ရေးစွမ်း ရည် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက သင်တန်းသား/သူများအား သင်တန်း ဆင်းအမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို စက်တင်ဘာလ (၂၆)ရက်နေ့မှ အောက်တိုဘာလ (၇)ရက်နေ့ထိ လူမှုကူညီရေးအသင်း အဖွဲ့ (၁၃)ဖွဲ့မှ သင်တန်းသား/သူ (၆၂)ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)