ချီဖွေမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ချီဖွေ အောက်တိုဘာ ၇

ကချင်​​ပြည်နယ်၊ ချီ‌ဖွေမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်း များက ချီဖွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပရိသတ် ပိုမို တိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ် ချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေခြင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ် ပိုမိုကောင်းမွန် လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အပတ်စဉ်အလှည့်ကျ စာအုပ်/စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)