ပဲခူး အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သာယာအေးကျေးရွာနှင့် ဘူးလယ်အင်းကျေးရွာတွင် ယနေ့နံနက် ၉:၃၀ နာရီက ကတ္တရာ-ကွန်ကရစ် ထုတ်လုပ်ခြင်းစက်ရုံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်နှင့်ပတ်သက်၍ စီမံကိန်းအကြောင်းအရာ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မက်(စ်)ဟိုင်းဝေး ကုမ္ပဏီလီမိတက်၏ စီမံကိန်းတာဝန်ခံမှ စီမံကိန်းဆိုင်ရာ ဖော်ပြချက်များကိုရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အီးဂတ်ပတ်ဝန်းကျင်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် ဒါရိုက်တာဦးစိုးမင်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP)အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသောကျေးလက်နေ ပြည်သူများ၏ သိလိုသည်များအား တာဝန်ရှိသူများကပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)