သတင်းများ

မိုင်းငေါ့မြို့၌ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ (Talk Show)ကျင်းပ
Oct 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centreတွင် “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ‌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Oct 12,2022
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်အဖြစ် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့‌ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ
Oct 12,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုCommunityCentre ခန်းမတွင် ယ​နေ့မွန်းလွဲ  ၁ နာရီခွဲအချိန်က မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကိုကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
မြစ်သားမြို့တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း သရုပ်ပြပွဲကျင်းပ
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အတွင်းရှိ ခြင်းလုံးဝါသနာရှင်များ ပူးပေါင်း၍ (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်းသရုပ်ပြပွဲများကို  ယနေ့ မွန်းလွဲ ( ၂ )နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် သမဝါယမအသင်းစုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အထူးအစည်းအဝေးပြုလုပ်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သမဝါယမအသင်း စုရုံးတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အထူးအစည်းအဝေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Oct 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Center) ခန်းမ၌ ကလေးများအား သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်း မောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဉ်သွားလာမှု များပြား သောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။