မိုင်းငေါ့ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centreတွင် “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယခုလိုဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယနေ့လူငယ်များ သည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်သွားလာကြဖို့ရန်၊ ကိုယ်ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားအားကစား တစ်မျိုးမျိုးကို စွဲပြီးလုပ်ရင်လည်း အကျိုးရှိကြောင်း ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းမွန်ဖို့ အဓိက လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စိတ်ကျန်းမာဖို့ခွန်အားရှိတဲ့ စာပေတွေကိုရှာဖွေဖတ်ရှုဖို့ လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကြီးလှုပ်ရှားနိုင်ဖို့ အစာအဟာရဖြည့်တင်ဖို့လိုအပ်သလို၊ ဦးနှောက်ဖွံ့ဖြိုးဖို့ စာကောင်းပေမွန်တွေ ကိုဖတ်ရှုလေ့လာသင့်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းကြောင့် အသိပညာဗဟုသုတ တိုးပွားနိုင်စေပြီး စိတ်ကျန်းမာရေးအတွက် စာဖတ်ခြင်းဟာ ဓါတ်စာပင်ဖြစ်ကြောင်း စသည့်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်သခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) စသည့် အသိပညာ အစီအစဉ်များကို စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)