လက်ပံတန်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာများက အခြေခံပန်းရံသင်တန်း မဆလာဖျော်စပ်ခြင်း၊ အုတ်စီခြင်းများကို လက်တွေ့သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၂၀)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဒေသခံကျေးရွာများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)