သတင်းများ

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Oct 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင်  အိမ်ထောင်စု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေး  တုံလုံကျေးရွာတွင် ကွန်ကရစ်လမ်းများ ခင်းပေး
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးမြင်းကဘက်အုပ်စု၊ တုံလုံကျေး ရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တုံလုံကျေးရွာတွင်းလမ်း များအား ကွန်ကရစ်ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက် ရောင်းချ
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် မြကန်သာ (၂)လမ်း၌ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို လက်ဝယ် အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်နှင့်လမ်းညွှန်’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗွီနိုင်းစိုက်ထူပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 13,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်သည့်များကို ပြည်သူများအား သိရှိစေရန်ရယ်ရွယ်၍ “မိဘပြည်သူများသို့ အသိထုတ်ပြန်ချက်” ဗွီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အင်းဝလမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်နှင့် အဆိုပါ မြို့နယ်ဦးစီးမှူး ရုံး‌ရှေ့မျက်နှာစာဗွီနိုင်းစိုက်ထူခြင်း၊ အများပြည်သူဖြတ်သန်း သွားလာရာလမ်းတစ်လျှောက်မှ ပြည်သူများ၊ ဈေးဆိုင်များသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်‌ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Oct 13,2022
မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 13,2022
နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် ၁၀၂ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။