မဟာအောင်မြေ အောက်တိုဘာ ၁၃
မဟာအောင်မြေမြို့နယ် ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာ ပြောတတ်၊ ဆိုတတ်၊ ဝင်/ထွက်သွားလာတတ်စေရန်၊ စာပေဖတ်ရှုလေ့လာရာတွင်လည်း ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း