ညောင်ဦး အောက်တိုဘာ ၁၃
နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် ၁၀၂ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို၊ ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အတွက် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုး ဦးဆောင်ပြီး အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းများကို ပြသခဲ့ရာ ကျောင်း သားကျောင်းသူများစိတ်ဝင်တစားကြည့်ရှုကြသည်။ အမျိုးသားအောင်ပွဲနေ့ နံရံစာစောင်ပြသခြင်းနှင့်အတူ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသခြင်း၊ လူကုန်ကူးမှု တားဆီးရေးပညာပေးနံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နံရံကပ်စာစောင်များပြသပေးလျက်ရှိရာ ကျောင်း သားကျောင်းသူများလေ့ လာဖတ်ရှုကြပြီး သိရှိလိုသည်များအား ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)၊ ဒေါ်ဇင်ယုခိုင်(ဒုတိယဦးစီးမှူး)တို့က ရှင်းပြခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ