ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗွီနိုင်းစိုက်ထူပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဒဂုံအရှေ့ အောက်တိုဘာ ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်သည့်များကို ပြည်သူများအား သိရှိစေရန်ရယ်ရွယ်၍ “မိဘပြည်သူများသို့ အသိထုတ်ပြန်ချက်” ဗွီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အင်းဝလမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်နှင့် အဆိုပါ မြို့နယ်ဦးစီးမှူး ရုံး‌ရှေ့မျက်နှာစာဗွီနိုင်းစိုက်ထူခြင်း၊ အများပြည်သူဖြတ်သန်း သွားလာရာလမ်းတစ်လျှောက်မှ ပြည်သူများ၊ ဈေးဆိုင်များသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်‌ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗွီနိုင်းနှင့်လက်ကမ်းစာစောင်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်‌ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-IDBiographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်ထားသူ (၅၂) သန်းကျော်အား စာရင်းသွင်း ထားကြောင်း၊ နိုင်ငံသာစီစစ်ရေးကတ်နှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်၊ လဲလှယ်ရန်အချက်များ၊ နိုင်ငံသားစီစစ်‌ရေးကတ်ပြား တစ်ခုထက် လက်ဝယ်ကိုင်ဆောင် ထားရှိခြင်းမပြုရ အပါအဝင်လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများအစရှိသည် အချက်(၇)ချက်၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေ စာရင်း(အထစ)(၆)ချက်စသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)