ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။