တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား (၄) ပွင့်ဆိုင်ဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား (၄) ပွင့်ဆိုင် ဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော တနင်္သာရီတိုင်းဒေသကြီး U-16 ဘောလုံးအသင်းနှင့် Dawei All Star ဘောလုံးအသင်း၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည်ရှုအားပေးရာ Dawei All Star ဘောလုံးအသင်းက (၃) ဂိုး (၀) ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်အနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက်ကူညီပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာ ဝန်ကြီးဦးမောင်ကြီးက ဒုတိယဆုရရှိသော တနင်္သာရီတိုင်း ဒေသကြီး U-16 ဘောလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပထမဆုရရှိသော Dawei All Star ဘောလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တံခွန်စိုက်ဆု ဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)