ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်

ကလိန်အောင် အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသား‌၊ ကျောင်းသူများ ကျောင်းပိတ်ရက်တွင် အားလပ်သောအချိန်ကို ကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ များရရှိပြီး စကားအပြောအဆိုနှင့် လူမှုဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာစေရန်၊ စာ‌ပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အတွေးအခေါ်အသိမြင်များ ဖလှယ် တတ်စေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေ ဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ် ချက်များကို ရှင်းလင်း‌ပြောပြခဲ့သည်။

ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့