ပိုင်ကျုံ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စိတ်အပန်းဖြေ ပျော်ရွှင် စေရေးနှင့် စာဖတ်ရှိမြှင့်တင်ရေးအတွက် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက် လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်မှကျောင်းသားလူငယ်များတို့အား မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကာယဉာဏ်ဏဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ သီချင်းသီဆိုသရုပ်ဖော်ခြင်းနှင့် စက္ကူခေါက် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးက အဟာရမုန့်များ တိုက်ကျွေးခဲ့ပြီး ပြိုင်ပွဲများကို သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)