လက်ပံတန်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းမှာ လူကုန်ကူးမှုနှင့်ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို Online မှတဆင့် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ကြည်မြတ်နွယ်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းတို့က စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင်ပေါက်ပေါက်၏ "လူကုန်ကူးမှုဖြစ်ပွားရခြင်းဇာစ်မြစ်များ "ဆောင်းပါးပါအကြောင်းအရာများဖြစ်သည့် လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်နိုင်သည့်ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်ပြီးပြည်သူလူထုပူးပေါင်းတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)