သတင်းများ

ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
Oct 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့်
သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားတွင် သီတင်းကျွတ် လပြည့်ည၌ ဆီမီး (၁၅၀၀) မီးမျှောပူဇော်ပွဲစည်ကား
Oct 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်ပေါ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောပိုး စစ်ဆေးတွေ့ရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမားများ အသွားအလာကန့်သတ် ကြပ်မတ်ဆေးကုသမှုခံယူ
Oct 10,2022
ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာ ရွေ့ပြောင်းအလုပ်သမားများအနက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့် အလုပ်သမားကိုးဦးအား ယမန်နေ့က အသွားအလာကန့်သတ်ထားကာ ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် သိရသည်။
သီတင်းကျွတ်ကာလအခါသမယ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများကျင်းပ
Oct 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အလေးမြတ်ပြုရာ လတစ်လဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် ပွဲတော်နေ့များတွင် စေတီဘုရား၊ ကျောင်းကန်များတွင် အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ကြခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများ ပြုလုပ်ကြသည်။
မိုင်းယောင်းမြို့တွင် ရှမ်းရိုးရာဓလေ့အတိုင်း ဆင်ဆွဲပွဲကျင်းပ
Oct 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် ဆင်ဆွဲပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မိုးနဲမြို့နယ်၌ ‌မီးထွန်းပွဲတော်များ အစဉ်အလာမပျက် ပျော်ရွှင်စွာကျင်းပ
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကောင်းမှုကုသိုလ်ပြုကြသူများ မီးထွန်းပွဲတော်များ အစဉ် အလာမပျက် စည်ကားသိုက်မြိုက် ပျော်ရွင်စွာကျင်းပခဲ့ပြီး ယနေ့ညအထိ ကျင်းပသွားမည်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်(အဘိဓမ္မာ)နေ့ ဆီမီးတစ်ထောင် ပန်းတစ်ထောင် ပူဇော်ပွဲအစဉ်လာမပျက် ကျင်းပ
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ) နေ့ ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဇော်ခြင်းကို မြတ်ညီနောင်စေတီတော်ရင်ပြင်ပေါ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ထွန်းညှိပူဇော်ခဲ့ကြသည်။
ကမမောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 10,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။