သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မိုးနဲမြို့နယ်၌ ‌မီးထွန်းပွဲတော်များ အစဉ်အလာမပျက် ပျော်ရွှင်စွာကျင်းပ

မိုးနဲ   အောက်တိုဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကောင်းမှုကုသိုလ်ပြုကြသူများ မီးထွန်းပွဲတော်များ အစဉ် အလာမပျက် စည်ကားသိုက်မြိုက် ပျော်ရွင်စွာကျင်းပခဲ့ပြီး ယနေ့ညအထိ ကျင်းပသွားမည်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာ‌ရေးကျောင်း ကျောင်းထိုင် ဆရာတော်အမှူးပြု၍ သာသနာတော် (၂၅၆၆) သီတင်းကျွတ်လပြည့်ည သဲပုံ‌စေတီ (၁၀၀၀)၊ ဆီးမီး(၁၀၀၀) ၊ ရေချမ်းတော်(၁၀၀၀) ၊တံခွန်(၁၀၀၀) ၊ပန်း(၁၀၀၀)တို့ကို မြတ်စွာဘုရားအား ပူဇော်လှူဒါန်းခြင်း နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းလောင်းလှူခြင်း၊ ဘုရားစေတီ/ပုထိုးများတွင် ဥပုသ်သီလ‌ဆောက်တည်သူများဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)