ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောပိုး စစ်ဆေးတွေ့ရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမားများ အသွားအလာကန့်သတ် ကြပ်မတ်ဆေးကုသမှုခံယူ

ကော့သောင်း အောက်တိုဘာ ၁၀

ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာ ရွေ့ပြောင်းအလုပ်သမားများအနက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့် အလုပ်သမားကိုးဦးအား ယမန်နေ့က အသွားအလာကန့်သတ်ထားကာ ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် သိရသည်။

အောက်တိုဘာလ ၂ရက်နေ့က ထိုင်းနိုင်ငံရနောင်းမြို့မှကော့သောင်းမြို့သို့ လာရောက်လွဲပြောင်းပေးအပ်ခဲ့သည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအနက်မှ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကျန်းမာရေးဦးစီးဌာန၏ PCR စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ရောဂါပိုးတွေ့ရှိရသူများတွင် ကာကွယ်ဆေး လုံးဝမထိုးနှံရသေး သူများအပြင် အကြိမ်ပြည့်ထိုးနှံပြီး ထားသူများလည်း ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူများကို  ကော့သောင်းမြို့ရှိ လည်းကောင်းတို့အား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် Quarantine Center များမှတစ်ဆင့် တာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ သွားရောက်ခေါ်ယူပြီး ကော့သောင်းခရိုင် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီး၏ သီးသန့်လူနာဆောင်တွင် ပြောင်းရွေ့ ထားရှိကာ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂေါပျောက်ကင်းမှ သာ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)