သတင်းများ

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်
Oct 13,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
လှည်းကူးမြို့၊ နိဗ္ဗာန်ဆိပ်ဦးဘုန်းတော်ကြီးကျောင်းတွင် အမှိုက်များရှင်းလင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်ရှိနိဗ္ဗာန်ဆိပ်ဦးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ထူးကြီးမြို့အတွင်းရှိ ပြည်သူများအား အခြေခံစားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့‌ ဈေး၌ ယနေ့နံနက်က အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။
အမရပူရမြို့နယ် မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲအဖြစ် ကြိုတင်ကာကွယ်ဘေးအန္တရာယ် ကစားရင်းနှင့်သင်ယူမယ် Riskland Game ပြိုင်ပွဲကျင်းပ
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲအဖြစ် ကြိုတင်ကာကွယ်ဘေးအန္တရယ် ကစားရင်းနှင့်သင်ယူမယ် Riskland Game ကစားခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်
Oct 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့် ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့တွင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကြက်ခြေနီတပ်ဖွဲ့၏ သဘာဝဘေးနှင့်ပတ်သက်ပြီး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူပေါင်း၍ သဘာဝဘေးနှင့် ပတ်သက်ပြီးအသိပညာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။