လောင်းလုံး အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့တွင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် အဖွဲ့များက လောင်းလုံးမြို့ပေါ်ရပ်ကွက်များရှိ မီးဘေးစိုးရိမ်ရသောနေရာများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခဲ့ပါကြောင်းနှင့် အိမ်တွင်ထားရှိသော မီးသတ်ဆေးဗူးများအား ရက်လွန်ခြင်း ရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)