အမရပူရမြို့နယ် မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲအဖြစ် ကြိုတင်ကာကွယ်ဘေးအန္တရာယ် ကစားရင်းနှင့်သင်ယူမယ် Riskland Game ပြိုင်ပွဲကျင်းပ

အမရပူရ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲအဖြစ် ကြိုတင်ကာကွယ်ဘေးအန္တရယ် ကစားရင်းနှင့်သင်ယူမယ် Riskland Game ကစားခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကလေးငယ်များကို အဖွဲ့နှစ်ဖွဲ့ခွဲစေပြီး ဂိမ်းကစားစေခဲ့သည်။ အဆိုပါဂိမ်းသည် မြွေဂိမ်းနှင့် မိုနိုပိုလီဂိမ်းနှစ်မျိုးရောစပ်ထားသော ဂိမ်းအမျိုးအစားဖြစ်ပြီး ပဟေဠိဉာဏ်စမ်းများ၊ ကံ စသည့်တိုကို ထည့်သွင်းထားသည်။ ဂိမ်းကစားစေခြင်းဖြင့် ကလေးငယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ပိုမိုသိရှိလာစေရန်ရည်ရွယ်ပြီး ဂိမ်းကစားခြင်း ဉာဏ်စမ်းပြိုင်ပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိက ပြောကြားသည်။ ထို့နောက် ဂိမ်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကလေးငယ်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှနှင့် စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းတို့က အမှတ်တရလက်ဆောင်ပစ္စည်းများပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ