လှည်းကူး အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်ရှိနိဗ္ဗာန်ဆိပ်ဦးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နိဗ္ဗာန်ဆိပ်ဦးဘုန်းတော်ကြီးကျောင်း အရှေ့နှင့်အဝင်လမ်းရှိအမှိုက်ပုံအားရှင်းလင်းခြင်း၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စုပေါင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)