အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

အမ်း အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း မှန်ကန်​စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က စျေးတောင်ရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး ဦးဆောင်၍ မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ အခြေခံလူဦးရေစာရင်း မှန်ကန်​စေရေး မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

(ပြန်/ဆက်)