စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

စုကလိ အောက်တိုဘာ ၁၄

ကလေးအလုပ်သမားပပျောက်ရေး ကလေးသူငယ်များအတွက် လုပ်ငန်းခွင်တွင်ထိခိုက်မှုမှ အများဆုံးကာကွယ်ပေးနိုင်ရေး၊ မှန်ကန်သောလုပ်ခလစာအပြည့်အဝရရှိနိုင်ရေး စသော အသိပညာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းက စုကလိမြို့ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်နှင့် မှန်ကန်သော လစာရရှိနိုင်စေရေး၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ်တို့အား ဆွေးနွေးပေးသည်။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (ပြ) ဦးကိုကိုအောင်မှ ကလေးအလုပ်သမားများ၏ တစ်နေ့တာ အလုပ်ချိန်နှင့်ချိန်နှုန်းလစာ၊ ကလေးအလုပ်သမားများအား နံနက် (၆) နာရီမှ ညနေ(၆)အထိ ခိုင်းစေပါက ပြစ်မှုမြောက်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့်အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show အား We love sukali page တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်