မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ် က စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက် အလက်များ သိရှိစေရန်၊ စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေ ရေးအတွက် အာမခံချက်ပေးနိုင်သည့် အရေအသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် စားသုံးသူ နစ်နာမှုများ ရှိပါက DOCA Myanmar application မှ လည်းကောင်း၊ Call Centre 1535 သို့ လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန www.doca.gov.mm Webside တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ သည်။
အောင်အောင်(ပြန်/ဆက်)