မအူပင်ခရိုင်တွင် ဆိုက်ဘာပြစ်မှုနှင့်တည်ဆဲဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

မအူပင် အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ဆိုက်ဘာပြစ်မှုနှင့် တည်ဆဲဥပဒေအကြောင်း သိကောင်းစရာ အသိပညာ‌ပေး Talk Showကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေက အသိပညာပေး Talk Show အား ကွန်ပျူတာတက္ကသိုလ် ကျောင်းသားမောင်အောင်ခန့်ကျော်နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်အား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ဆိုက်ဘာပြစ်မှုနှင့် တည်ဆဲဥပဒေအကြောင်းနှင့် ပတ်သက်၍ သိကောင်းစရာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်အောင်ခန့်ကျော်က ဆိုက်ဘာပြစ်မှုနှင့် တည်ဆဲဥပဒေအကြောင်း သိကောင်းစရာနှင့် ပတ်သက်၍ ပြည်သူများ နေ့စဥ် Social Media များ သုံးစွဲလျက်ရှိရာ တွေ့ကြုံရနိုင်သည့် သုံးစွဲသူများအား စိတ်အနှောင့်အယှက်ပေးမှုများ၊ မမှန်မကန် သတင်းပေးပို့မှုများနှင့် ပတ်သက်သည့် ဆက်သွယ်ရေးဥပဒေမှ ပုဒ်မ(၆၆)ပါ ပုဒ်မခွဲ(၄)ခု၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပုဒ်မ၆၆(ဃ)နှင့်ပတ်သက်၍ သတိပြုဆင်ခြင်ဖွယ်ရာများ၊ အသစ်ပေါ်ပေါက်လာသည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် ပြည်သူများ သတိပြုလိုက်နာဖွယ်ရာ ဥပဒေပြဌာန်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မအူပင်ခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)