မြင်းခြံ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် များအား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ နံနက် (၅) နာရီ အချိန်က မြင်းခြံ ပုညသဟာယ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းတွင် လောင်းလှူခဲ့ကြောင်း သိရသည်။
ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ အရုဏ်ဆွမ်းလောင်းလှူရာတွင် မြင်းခြံမြို့အတွင်းရှိ သံဃာတော် အပါး (၁၀၀၀) ခန့်အား ပဲထမင်း၊ ကြက်သား၊ ငပိကြော်၊ ပဲတီချဉ်သုတ် များအား လောင်းလှူခဲ့ကြသည်။ အရုဏ်ဆွမ်းလောင်းလှူရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လောင်းလှူခဲ့သည်။
မြင်းခြံ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ (၂) လလျှင် တစ်ကြိမ် အရုဏ်ဆွမ်း လောင်းလှူလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)