ဇေယျာသီရိ အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ပြည်စံအောင်ဈေးရှေ့နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ယနေ့နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောငနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဒေသခံခရီးသွားများနှင့် ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို တပ်ဆင်စေရန်၊ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာဆောင်ရွက်စေရန်၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် ဈေးများအတွင်း Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အတွင်းကျန်ရှိသည့် ဈေးများ၊ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း