သတင်းများ

သိန္နီမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာ လွှာချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ
Oct 21,2022
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်လူထုအခြေပြုဗဟိုပြုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Oct 21,2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Oct 21,2022
ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့  မွန်းလွဲ ၂နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ကြို့ပင်ကောက်မြို့၌ ဒေသထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
ရပ်စောက်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် သတင်းရေးဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သတင်းစီးဆင်းမှု လျှင်မြန်စေရေးအတွက် သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
တာချီလိတ်မြို့နယ်၊ အ.လ.က (ဝှေလေလန်)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းမှုဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဝှေလေလန်) တွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင်  ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်လှစ်
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ တင်းနစ်အားကစားကွင်းတွင် ယနေ့ နံနက် ၉း၃၀ နာရီအချိန်က  ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်လှစ်ခဲ့သည်။