မြို့နယ်လူထုအခြေပြုဗဟိုပြုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၁

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည် က  Talk Show ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ Book Club အဖွဲ့ဝင် ဒေါ်နန်းညွန့်ညွန့်ဆွေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အမျိုးသမီးများအား မတရားခိုင်းစေခြင်း ဖိနှိပ်ချုပ်ချယ်ခြင်း ညှင်းပန်းနှိပ်စက်ခြင်း လုပ်အားခများအား အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းနှင့် တစ်ဖက်နိုင်ငံများသို့ တရားမဝင်ပို့ဆောင်ခြင်း စသည်များနှင့် ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ဥပဒေပြစ်မှုပြစ်ဒဏ် စသည်များအား အများပြည် သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့်  လေ့လာသိရှိနိုင်စေ ရေးအတွက် We Love Kyarinn Seikkyi Facebook page စာမျက်နှာ၌ ထုတ်လွင့်ပြသပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့သိရှိလိုသည်များအား ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)