သိန္နီမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာ လွှာချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

သိန္နီ အောက်တိုဘာ ၂၁

ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂိုလ်များမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီသော ပုဂ္ဂိုလ်များအား ဘွဲ့ ၊တံဆိပ်များကို ချီးမြှင့်ပေးလျက်ရှိရာ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာလွှာကို ရရှိသည့်အတွက် ချီးမြှင့်အပ်နှင်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက် လက် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူး ဆောင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုစာလွှာအား ချီးမြှင့်ပေးအပ်ရာ နမ့်စလပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးစိုင်းရွှေဘက လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)