ကြို့ပင်ကောက် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကြို့ပင်ကောက်မြို့လုပ်ငန်းရှင်များက ထုတ်လုပ်သော တိုးမြင့်ဒိန်ချဉ်လုပ်ငန်း၊ ပဲကြီးလှော်လုပ်ငန်းတို့အားသွားရောက်ပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ကိုင်ပုံအဆင့်ဆင့်၊ ဈေးကွက်ရရှိမှုအခြေအနေ၊ ဒေသတွင်းအလုပ်အကိုင်ဖန်းတီးပေးနိုင်မှုများကို တွေ့ဆုံမေးမြန်းပြီး စားသုံးသူများလက်ဝယ် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ရောက်ရှိစေနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၏ ဒေသထွက်ကုန်များဖြစ်သော တိုးမြင့်ဒိန်ချဉ်နှင့် ပဲကြီးလှော်လုပ်ငန်းများမှ ထွက်ကုန်များကို အနီးပတ်ဝန်းကျင်မြို့များဖြစ်သည် အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)