သာယာဝတီမြို့တွင် သတင်းရေးဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

သာယာဝတီ     အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သတင်းစီးဆင်းမှု လျှင်မြန်စေရေးအတွက် သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မျိုးမျိုးခိုင်က မိမိတို့ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် တိုးတက်လာသည့် နည်းပညာများကို လက်လှမ်းမီ လိုက်ပါဆောင်ရွက်နိုင်စေရေးနှင့် သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကိုရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးဇေယျာထွန်းက သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်းဆိုင်ရာ ပညာရပ်များအား သင်ကြားပို့ချပေးခဲ့ပြီး  တက်ရောက်လာသော သင်တန်းသားများက ယခုသင်တန်း တက်ရောက်ခြင်းဖြင့် မိမိတို့၏ နယ်မြေဒေသများ၌ သတင်းရိုက်ကူးတည်းဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လွန်စွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းသို့ သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)