ရပ်စောက် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမ်နန်းမေက ရပ်စောက် မြို့နယ်တွင် မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးအတွက် ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ပေးပို့ နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မြို့ပြနှင့်အိမ်ယာ ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲနိုင်ရေးအတွက် မြို့နယ်အတွင်း ကြုံတွေ့နေရသည့်အခက်အခဲများ၊ တစ်မြို့နယ်လုံး အသုံးပြုနေသည့် အင်းခေါင်းကန်ရေရှည်တည်တံ့ရေးနှင့် ရေထွက်ကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ သစ်တောထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ်များထိန်းသိမ်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်